“China Walk” - တရုတ်အသွင်ပုံစံခေတ်မီမှုအကြောင်း ပြည်တွင်းပြည်ပမှ အင်တာနက်မှာ နာမည်ကျော်ကြားသူများ အတူ ဆွေးနွေး

၂၀၂၄ ခုနှစ် “တရုတ်နိုင်ငံအကြောင်းလေ့လာခြင်း” နိုင်ငံတကာအစည်းအဝေးကို ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး တရုတ်နိုင်ငံအကြောင်း လေ့လာ သိရှိနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ဘက်စုံနက်ရှိုင်းစွာ တိုးမြှင့် လုပ် ဆောင်ခြင်း၊ တရုတ်အသွင်ပုံစံခေတ်မီမှု တွန်းအားပေးဖော်ဆောင်ခြင်းတို့ကို သိရှိနားလည်ရန် လိုအပ် ကြောင်း ထောက်ပြပြောကြားခဲ့ပါတယ်။ အစည်းအဝေးကာလအတွင်း ကျင်းပခဲ့တဲ့ “ခေတ်မီမှု ပုံစံ” ပြည်တွင်းပြည်ပမှ အင်တာနက်မှာနာမည်ကျော်ကြားသူများ ဆွေးနွေးပွဲတစ်ရပ်ကို အများက အာရုံစိုက်ခဲ့ကြပါတယ်။ အာဆီယံနိုင်ငံများမှ အွန်လိုင်းနာမည်ကြီးအစီအစဉ်မှူးများ နဲ့ ဗီဒီယိုဘလော်ဂါများက တရုတ်နိုင်ငံမှ အင်တာနက်မှာနာမည်ကျော်ကြားသူများ နဲ့အတူ အတွေးအမြင်များဖလှယ်ခဲ့ကြပြီး သဘောတူညီမှုများကိုစုစည်းကာ မျှော်မှန်းထားတဲ့ “ခေတ်မီမှု ပုံစံ” ကို အတူတကွ ပုံဖော်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံ နဲ့ ပြည်ပမှ အင်တာနက်မှာနာမည်ကျော်ကြားသူများရဲ့အမြင်မှာ ခေတ်မီမှု က ဘယ်လိုပုံစံလဲဆိုတာကို အားလုံးအတူနားထောင်ကြည့်ကြရအောင်။

06-Dec-2024
ကြွေရည်အလှ(အပိုင်း ၈)

“ကြွေရည်အလှ”သည် China Media Group မှထုတ်လုပ်သော နိုင်ငံရပ်ခြားတွင်ပြသသည့် တရုတ်နိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ မီနီဒရမ်မာစီးရီး၏ ပထမဆုံးဇာတ်ကား ဖြစ်သည်။ ဤဇာတ်ကားတွင် တရုတ်ယဉ်ကျေးမှုနှင့် ရှေးဟောင်းပါရှန်းယဉ်ကျေးမှု ကူးလူးဖလှယ်မှုသမိုင်းကို နောက်ခံထား၍ တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံမှ လူငယ်အမျိုးသားနှင့်အမျိုးသမီး နှစ်ဦး မင်မင်းဆက်ခေတ် ယုံလော့ဧကရာဇ်နန်းစံနှစ်သို့ ရောက်ရှိသွားပြီး အပြာရောင်စပျစ်ခိုင်ကနုတ်ပန်းကြွေဖြူ ပန်းကန်ပြားတစ်ချပ်ကို ဦးတည်ကာ ဇာတ်အိမ်ဖွဲ့ထားသော စိတ်ဝင်စားဖွယ်ဇာတ်လမ်းဖြစ်သည်။ မီနီဒရမ်မာအနုပညာပုံစံ၊ သက်ဝင်လှုပ်ရှားသောဇာတ်အိမ်နှင့် သပ်ရပ်လှပသော အလင်း၊ အရိပ်၊ အသံ၊ ပုံရိပ်တို့ဖြင့် တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို လက်ဆင့်ကမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်လုပ်သားပြည်သူတို့၏ ဆန်းသစ်တီထွင်မှုစိတ်ဓာတ်နှင့် ကောင်းသထက်ကောင်းခြင်းကိုလိုလားသော လက်မှုပညာသည်စိတ်ဓာတ်၊ ကမ္ဘာ့လူမှုယဉ်ကျေးမှုများ ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှုကြောင့် အရောင်အသွေးစုံလင်လာသော “လူမှုယဉ်ကျေးမှုပန်းပေါင်းစုံဥယျာဉ်ကြီး” ပုံရိပ်မြင်ကွင်းတို့ကို တင်ဆက်ပြသထားသည်။

02-Dec-2024

Dec 07, 2024Dec 07, 2024

00:00

1x